Airdrop program
Get from 15 SOL free and 10 SOL per referral
Get free SOL
Sola
beta
9 months

ကိုKyawThetNaungတင်ထားတဲ့ပိုစ့်တစ်ခုထဲကလို ၉၀မျိုးဆက်တွေ·ရဲ့ သင်ကြားမှုအောက်မှာကြီးပြင်းလာကြသူတွေဖြစ်တဲ့ ကျွန်တော်တို့သည်လည်း

တွေးခေါ်မှုမရှိ စဉ်းစားမှုမရှိကြပာဘူး။

ကျွန်တော့်ဘေးမှာရှိတဲ့သူတွေအကုန်လုံးဟာ ကျောင်းဆရာလုပ်ကြရမယ့်သူတွေပါ။

ဒီလူတွေအကုန်လုံးက တွေးခေါ်မှုမရှိစဉ်းစားမှုမရှိ ပေးသမျှစာအလွတ်ကျက်၊ ကွာလဖိုင်းနဲ့ ခရစ်ဒစ်ထွက်ဖို့ မနားမနေကျက်၊ တစ်နေကုန် ရသမျှ အချိန်အကုန်နီးပါးကို ဖင်ဘူးတောင်းထောင်ကျက်နေကြတယ်။

ဒီလူတွေက နောက်မျိုးဆက်ကိုဆက်ပြီး ပညာသင်ပေးကြရမှာတဲ့။

ကျောင်းဆရာလုပ်ကြရမယ့်သူတွေကိုယ်တိုင်က စာနားလည်ဖို့ သုံးသပ်ဖို့ လေ့လာဖို့ လုံးဝစိတ်ကူးမရှိ၊ ဆရာမကရှေ့ကနေ ပြောသွားသမျှ ရှင်းသွားသမျှ အမှန်ပဲဆိုပြီး လိုက်နားထောင် လိုက်ကူး လိုက်ကျက် ဒီလောက်ပဲ။

ဒီလောက်နဲ့ပဲ။

တကယ့်ကို.....ဒီလောက်နဲ့ပဲ။

ဟုတ်ပါတယ်။

တိုင်းပြည်တိုးတက်ဖို့ ပညာရေးက အရေးကြီးပါတယ်။

ခက်တာက အဲ့ဒီပညာရေးကိုပြောင်းလဲဖို့အတွက် လိုအပ်တဲ့အင်အားတစ်ခုဖြစ်တဲ့ ဆရာဆရာမတွေကိုယ်တိုင်က လက်ရှိပညာရေးကိုပဲ အကောင်းထင်တဲ့ အဲ့ဒီပညာရေးစနစ်ကမွေးထုတ်လိုက်တဲ့ စာသင်တဲ့စက်ရုပ်တွေ ဖြစ်လာကြတော့တာပါပဲ။

(ရှေ့ကစာသင်နေတဲ့ ဆရာမက အမှန်ပြောနေတာလား အမှားပြောနေတာလားကိုမသိတဲ့အထိပဲ ကျွန်တော်တို့ ကျောင်းဆရာလောင်းတွေ ညံ့နေကြတာလား ဒါမှမဟုတ် ဆရာမ မှားတာကိုထောက်မပြရဲတာလား ဒါမှမဟုတ် ဆရာမ မှားရင်ထောက်မပြကောင်းဘူးဆိုတဲ့ ဂျင်းကြီးပဲ စားနေကြတာလား။

ကျွန်တော်ထောက်ပြတုန်းကတော့ တစ်တန်းလုံးကျွန်တော့်ကိုဝိုင်းလှောင်ကြတာပါပဲ 😀)

အဓိကပြောချင်တာကတော့ ပညာရေးစနစ်ပြောင်းမယ်ဆိုရင် အဓိကကျတဲ့ ကျောင်းဆရာ ဆရာမလောင်းတွေကို အရင်ဆုံးပြင်ပေးကြပါလို့.....

------------------------------

13votes
0SOL earned
Vote
Share
Vote
Share
0
7
13
Myanmar, Kalay Township
No comments
Write something...
Send
Earn SOL - a cryptocurrency used in Sola (ERC20 standard token). Sola is an iOS, Android and web application which is a mix of a media and community. Sola allows discovering new people and exciting content in a most simple, friendly and relaxed manner.